ကျွန်တော် နားလည်ပါတယ်ဗျာ


 ကျွန်တော် နားလည်ပါတယ်ဗျာ

----------------------------------------

ဒီနေ့မနက်က မထင်မှတ်ပဲ မိတ်ဆွေတစ်ယောက်နဲ့ ဆုံဖြစ်တယ်။

ပုံစံက အရင်ကထက် အများကြီးပိုပြီး သားနားနေတယ်။


ကိုယ်တွေကမတွေ့ဘူး။ သူကတွေ့တာ။ ရှိန်းလို့လှမ်းခေါ်တာနဲ့ အသံလာရာကို လှည့်ကြည့်တော့ တစ်ချက်ဝောာ့ အံ့ဩသွားတယ်။ အရင်ကထက် အများကြီး ဝောာက်ပြောင်နေတာကိုး။


ဒါနဲ့ အလိုက်သင့်လေးပဲ ဦးလေးနေကောင်းလား၊ ဘယ်သွားဖို့လဲ၊ ဘာညာပေါ့ နှုတ်ဆက်ရင်း.....

ဦးလေးဆိုင်ရှေ့က ဖြတ်လျှောက်တိုင်း မတွေ့မိတဲ့အကြောင်း ကိုယ်တွေက အစပျိုးပြီးပြောတော့ မိတ်ဆွေက ပြုံးပြုံးလေးပါပဲ.....


ဒါနဲ့ ကိုယ့်မေးခွန်းရဲ့ အဖြေအတွက် ပြုံးထားတဲ့သူရဲ့ အပြုံးက သောကအပြုံးမျိုး.....


ရှိန်းအားရင် တစ်ခုခုစားရင်း ပြောမလားဆိုဝောာ့ ရပါတယ်ဗျာ ဆိုရင်း လဖ္ဘက်ရည်ဆိုင်ထိုင်ဖြစ်တယ်။


သူ့ဘက်က ပြောသွားတဲ့ စကားတွေကြားပြီးပြီးချင်း အသိတရားတွေအများကြီး ရလိုက်တယ်။


ငါချစ်ရပါတယ်ဆိုတဲ့ အရာဝတ္ထုနဲ့ လူတွေအားလုံးကို စွန့်ပြီး တစ်ကပြန်စနေတာတဲ့


ဘာတွေဘယ်လိုဖြစ်သွားတာလည်း ဆိုတာကို ရေးချင်ပေမယ့် စာရှည်မှာကြောင့် ရည်ရွယ်ချက်ကိုပဲ ရေးဝောာ့မယ်ဗျာ.....


သင်္ဘောသားဘဝက ခဏတာ မိသားစုနဲ့ အတူရှိနေရတဲ့ သူတွေပါ။ ငါရှိတဲ့ ခဏတာလေးမှာ သူတို့အစဉ်မပြေလို့ ငါပဲထွက်သွားပေးလိုက်တာလို့ ဦးလေးကြီးပြောတော့ ကျွန်တော်မှင်သက်သွားရတယ်။


အမှန်တကယ်ဆို သည်လုပ်ရပ်အတွက် သူမှားလား မှန်လားဆိုတာကို ကျွန်တော် မဝေဖန်တော့ဘူး။


ဒါပေမယ့် အမှန်တရားတွေထဲက တစ်ခုဖြစ်နေတယ်။


ဟုတ်တယ် ကျွန်တော်နဲ့ ဘဝတူတဲ့ သင်္ဘောသားတစ်ယောက်ပဲ။ ရေထဲမှာ တစ်နှစ်နေရတယ်။ ကုန်းပေါ်မှာ မိသားစုဆိုတာကို အလွန်ဆုံး အတူနေရရင် ရက်ပေါင်း(၆၀) နှစ်လပေါ့။


ဒီလိုအချိန်တိုလေးမှာ ကိုယ့်အပေါ် ငြိုငြင်နေကြတဲ့ ပတ်ဝန်းကျင်ကို အပြစ်မဆိုပဲ ငါသာလျှင် ဝန်ထုပ်ဝန်ပိုးဆိုတဲ့ အသိနဲ့ အသိစိတ်ရှိရှိ ထွက်သွားပေးလိုက်တာ မှန်တာပေါ့။


ငါတို့သင်္ဘောသားတွေဆိုတာ ပြန်လာတုန်းလေးခဏပါကွာ။ ငါနားနေတာ၊ စားနေတာ၊ သွားနေတာကို ကြည့်မရတဲ့ သူတွေကို ငါအားနာတယ်ကွာ၊ ငါလည်း သင်္ဘောမှာဆို ပင်ပန်းလွန်းလို့ လာတုန်းလေး နားရတာပါကွာ၊ ရှိန်းညီလေး မင်းအသိဆုံးပါတဲ့။


တွယ်ကပ်နေရင် 

စော်ကားသမျှ၊ အနိုင်ကျင့်သမျှကို ကြိတ်မှိတ်ခံနေရင်

ကိုယ့်တန်ဖိုး ကျပြီးရင်းကျနေမှာပဲ


အခုထွက်လာလိုက်ဝောာ့၊ မပတ်သတ်လိုက်တော့မှ သူတို့အစဉ်ပြေသွားကြတယ်တဲ့


ငါကသူတို့ကို ပျော်စေချင်တာလေကွာ

အခုသူတို့ပျော်နေတော့ ငါလည်းပျော်ပါတယ်ကွာဆိုရင်း အေးစက်နေတဲ့ ရေးနွေးလက်ကျန်‌လေးကို မော့ချရင်း ပြုံးထားတဲ့ ဦးလေးအတွက် ကျွန်တော့်မှာ နှစ်သိမ့်ပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။


ဒါပေမယ့် ဦးလေးက အရင်လို မဟုတ်တော့ဘူး။


လေးစားစွာဖြင့်........

#မောင်ရှိန်း

20.02.2026