အိမ်ပြန်ချိန်


 အိမ်ပြန်ချိန်

-----------------

သင်္ဘော‌သားတစ်ယောက် အချိန်တန် စာချုပ်ပြည့်လို့ အိမ်ပြန်ချိန် ရောက်လာပြီဆိုရင် ဘာနဲ့မှမတူတဲ့ ခံစားချက် တစ်ခုရှိတယ်။


လူတိုင်းရဲ့ဘဝမှာ အပျော်ရွှင်ရဆုံး‌ နေ့ရက်တွေရှိကြတယ်ဗျာ။

ဥပမာ....ဆယ်တန်းအောင်စရင်းထွက်တဲ့အချိန် မိဘက မိမိအလိုချင်ဆုံးအရာကို လက်ဆောင်ပေးတဲ့အခါ


ဒါမှမဟုတ် ကားအသစ်၊ အိမ်အသစ်ဝယ်လိုက်တဲ့အချိန်


အဲ.....အဲ့လိုမျိုးပေါ့


ကျွန်တော်တို့ သင်္ဘောသားတွေရဲ့ အိမ်ပြန်ချိန်‌ဟာ ဆိုရင်လည်း ဘဝမှာ အပျော်ရွှင်ရဆုံး နေ့ရက်တွေထဲက တစ်ခုပါပဲ.......


ရန်ကုန်လေဆိပ်ကို ရောက်တာနဲ့ မြင်ရမယ့်မြင်ကွင်း‌တွေထဲက အပျော်ရွှင်ရဆုံး မြင်ကွင်းလေးတစ်ခုက ရပ်စောင့်ပြီး ကြိုနေတဲ့ မိသားစုလေးပဲ.....


အဖေပြန်လာတာကို မသိပဲ

ရုတ်တရက် အဖေကိုမြင်လိုက်ရလို့ အံ့ဩပြီး ဖြစ်လာတဲ့ သမီးလေးရဲ့ ပျော်ရွှင်မှုမျိုး၊


မဟေသီရဲ့ အပြုံးပန်းလေးတွေ၊ 


အမေ့ရဲ့ဝမ်းသာမျက်ရည်တွေ၊ 


ညီအကိုတွေနဲ့ ဆုံ‌တွေ့ရတဲ့အချိန်၊ 


ကို့ကိုတွေ့ချင်လို့ မျှော်နေတဲ့ မိတ်ဆွေတွေနဲ့ ဆုံရတဲ့အချိန်‌ 


အဲ့ဒါတွေက ဘာနဲ့မှ မလဲနိုင်အောင် ပျော်ရွှင်ရပါတယ်......


နောက်နေ့ကစလို့ စားချင်တာတွေ တစ်ခုပြီးတစ်ခု ဝယ်စားရတဲ့ ပျော်ရွှင်မှု‌တွေကလည်း ဘာနဲ့မှမတူ၊ 


ဘာလို့လည်းဆိုတော့ ကမ္ဘာပတ်ပြီး ဘယ်အစားအသောက်ကို စားစား အမိမြေက အစားအသောက်လောက် ခံတွင်းမတွေ့တတ်တဲ့ ကျွန်တော့်အတွက်ကတော့ ဘာပဲစားစား ရလိုက်တဲ့ စည်းစိမ်ကတော့ မပြောပြတတ်အောင်ပါပဲ။


သမီးလေးကို ကျောင်းပို့/ကြိုချိန်၊ 

သားသားလေးနဲ့ ဆော့နေရတဲ့အချိန်၊ 

မဟေသီနဲ့ ဈေးဝယ်ပြီး ဟင်းအတူချက်ရတဲ့အချိန်၊ 

အမေ့အိမ်မှာ စကားတွေထိုင်ပြောပြီး ရီ(ရယ်)မောနေရတဲ့ အချိန်တွေဆိုရင်လည်း 


ကျွန်တော့်ဘဝအတွက် တကယ့်အနှစ်သာရတွေပါပဲ။


သင်္ဘောပေါ်မှာ ပင်ပန်းဆင်းရဲခဲ့ရသမျှဟာ အချိန်ခဏလေးအတွင်းမှာ ပြေပျောက်သွားရပါတယ်။ 


ဘဝမှာ အဲ့လိုတွေ ကြုံရတာများလာတော့ မိသားစုကို ပိုပိုပြီး ခင်တွယ်လာတယ်၊


ပိုက်ဆံဆိုတာ အရာရာမဟုတ်တော့ ပြန်ဘူး.....လိုအပ်ချက်တစ်ခုလောက်ပါပဲ.....


ဥပမာ ပင်လယ်ထဲမှာတုန်းက အပိုဘောနပ်စ်လေး ဒေါ်လာနှစ်ထောင်လောက် မြန်မာငွေနဲ့ဆို သိန်း (၈၀/၁၀၀) လောက်ရှိပြီး  ဘာမှလုပ်လို့မရတဲ့အချိန်ကဆို ပိုပြီးသဘောပေါက်လာတယ်၊ ငါ့အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ ဝယ်လို့လဲမရဘူး၊ သုံးလို့လဲမရဘူး၊ ပိုက်ဆံသာရှိဝာာ၊ ပျော်ရွှင်မှုဆိုတာ မရှိဘူးဆိုပြီး တွေးမိတယ်....


မိသားစုမရှိဘူး၊ စားချင်တဲ့ အစားသောက်မရှိဘူး၊ အဲ့လိုတွေပေါ့.....


ပိုက်ဆံမရှိပေမယ့် မိသားစုနဲ့အတူရှိ‌နေတဲ့ချိန်ဆို တို့စရာ ငရုတ်သီးကြော်နဲ့ စားနေရလဲ နတ်စည်းစမ်းလိုပါပဲ.....


ဒီလောက်ပါပဲဗျာ......

နိုင်ငံတကာမှာ ချစ်ရတဲ့မိသားစုနဲ့ ဝေးနေရပြီး အိမ်ပြန်ချိန်ကို မျှော်နေကြတဲ့ ညီအစ်ကိုမောင်နှမများအားလုံး အရာရာဘေးမသီရန်မခပဲ မိသားစုနဲ့ အမြန်ဆုံး ပြန်ဆုံနိုင်ကြပါစေလို့ ကျွန်တော်မောင်ရှိန်း ရင်ထဲကနေ ဆုတောင်းပေးပါတယ်........


လေးစားစွာဖြင့်.....

#မောင်ရှိန်း

10.1.2026

www.shaneminphyo1994.blogspot.com