ဥပေက္ခာ
•••••••••••
✅ထိုသူ၏ မျက်နှာကိုလည်း မကြည့်တော့ဘူး။
✅ထိုသူ၏ အသံကိုလည်း နားမထောင်တော့ဘူး။
✅ထိုသူ ဟာသပြောနေလျှင်လည်း မရယ်ချင်တော့ဘူး။
✅ထိုသူ ဝမ်းနည်းနေလျှင်လည်း မငိုချင်တော့ဘူး။
✅ထိုသူသည် ကျွန်တော့်အတွက် သေလူလည်းမဟုတ်၊ ရှင်လူလည်း မဟုတ်၊ အသုံးမဝင်သော ပစ္စည်းအဟောင်း တစ်ခုသာဖြစ်သည်။
✅ထိုအရာကို ဥပေက္ခာပြုခြင်းဟု ခေါ်သည်။
✅လူတစ်ယောက်ကို မုန်းနေရတာ၊ စိတ်နာနေရတာ၊ ရွံရှာနေရတာဟာ ကျွန်တော်တို့အတွက် လောင်ကျွမ်းနေရခြင်း ဖြစ်သည်။
✅ခွင့်လွှတ်ခြင်းသည် ပညာရှိတို့သာ လုပ်နိုင်သော အရည်အချင်းတစ်ခု ဖြစ်သည်။
✅ထို့ကြောင့် ခွင့်လွှတ်လိုက်ပါ။
✅ခွင့်လွှတ်ပြီးလျှင် ချက်ချင်း ဥပေက္ခာပြုလိုက်ပါ။
✅နှစ်ဦးနှစ်ဖက်လုံးအတွက် အလွန်အကျိုးရှိ၏။
✅ဥပေက္ခာသည် အလွန်အစွမ်းထက်သော
💊ဆေးကောင်းတစ်လက် ဖြစ်သည်။
✅လူတစ်ယောက်ကို ကျွန်တော်သဘောထားကြီးပေးခြင်းဖြင့် ခွင့်လွှတ်ပေးခဲ့သည်။
✅ထို့နောက် ချက်ချင်း ဥပေက္ခာ ပြုခဲ့သည်။
လေးစားစွာဖြင့်••••••••
#မောင်ရှိန်း
19.03.2025
