Happy Birthday Junior Shane



 

❤️Happy Birthday My Son ❤️
ဘာလိုလိုနဲ့ ဒီနေ့တစ်နှစ်ပြည့်သွားတဲ့ ဂျူနီယာရှိန်း

သားသားကို မွေးပြီးထဲက သူ့အတွက် လုံးဝစိတ်ပူပန်ခြင်း မရှိဘူး။
ဘာလို့လဲဆိုတော့ သမီးလေးရဲ့ အပြုအမူတွေ၊ ပေးဆပ်အနစ်နာခံပုံတွေက အရမ်းကို တာဝန်ကျေလွန်းနေတာ တွေ့လိုက်ရလို့။

သင်္ဘောတတ်ဖို့အတွက် စာချုပ်ချုပ်၊ ဈေးဝယ်၊ ကုမ္ပဏီသွားနေရတဲ့ ရက်တွေဆို ပိုပြီးတွေ့ရတယ်။ ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ မောင်လေး နိုးမှာဆိုးလို့ ဘာမှမစားပဲ တနေကုန် ငြိမ်ပြီးနေပေးနေတဲ့ အမကြီး အမိရာ ပီသလွန်းပါတယ်။

ငိုလည်း သူချီထားတယ်
ဆာလည်း သူပဲကျွေးတယ်
အိပ်လည်း သူပဲသိပ်တယ်
ရေချိုး၊ သန့်ရှင်းရေးကအစ သူပဲလုပ်တယ်

အမေကော၊ အဖေကော အလုပ်အရမ်းများနေတာသိတယ်။
ကလေးကို  မငြီးမငြူပဲ တနေကုန် ချော့ပြီး တာဝန်ကျေနေတာတွေက အမေတစ်ယောက်လိုပဲ၊ အမေတောင် တခါတလေ သမီးလောက် အနီးကပ်မထိန်းနိုင်ဘူး၊ သမီးလေးကို အရမ်းလည်း လေးစားတယ်၊ ကျေးဇူးလည်းတင်တယ်။

သားသားအတွက်ဝောာ့ လုံးဝစိတ်မပူဝောာ့ဘူး........
ဆယ်နှစ်အရွယ် ကလေးလေးက လသားလေးကို ပြုစုတယ်ဆိုတာ ကြီးမားတဲ့ စွန့်စားခန်း တစ်ခုပဲ......

"သဲအစဉ်ပြေလား၊ ပါပါတို့ ရုံးကိစ္စမပြီးသေးဘူး" လို့ ဖုန်းဆက်တဲ့အချိန် "ပါပါ ခရီးသွားဖို့ပဲ အာရုံစိုက်၊ သမီးနဲ့မောင်လေးကို စိတ်မပူနဲ့" တဲ့ it's amazing
သားသား တစ်နှစ်ပြည့်တယ်ဆိုတာ သမီးလေးရဲ့ တစ်နှစ်တာ အနစ်နာခံခြင်းပဲ.....

11.03.2026
#မောင်ရှိန်း
www.shaneminphyo1994.blogspot.com