အလုပ်လက်မဲ့ဖြစ်လို့ လမ်းပျောက်နေပြီလား
••••••••••••••••••••••••••••••••••••••••••••••••••••••••
မိမိကိုယ်ကိုယ် လမ်းပျောက်နေပြီလို့ ခံစားနေရတာလား။
ဒီအချက်လေးတွေ တွေးကြည့်ပါ။
ပြီးလျှင် မိမိကိုယ်ကိုယ် ပြန်စမ်းစစ်ကြည့်ပါ။
သင်ဟာ အလွန်အဖိုးတန်သော လူသားဆိုတာ သင်ကိုယ်တိုင် မြင်လာပါလိမ့်မယ်။
လမ်းပျောက်နေတယ်ဆိုတာက အချိန်တွေပိုနေတဲ့သူ တစ်ယောက်အတွက် လမ်းပျောက်ဖို့အချိန် ရှိနေတာပါ။
သင်မအားလျှင် လမ်းပျောက်ဖို့ပင် မပြောနှင့်
ထမင်းစားဖို့ရန်အတွက်ကိုပင် အချိန်လုနေရမည်။
ဘာတွေလုပ်ရမလဲ❓
-------------------------------
မနက်အိပ်ယာထတာနဲ့ အရင်ဆုံးအိပ်ယာသိမ်းလိုက်ပါ။
မိတ်ဆွေ အိပ်ယာအရင်သိမ်းပါ။ အလွန်အရေးကြီးသည်။
သင့်တစ်နေ့တာ အစရဲ့ ပထမဆုံးအလုပ်ပါ။
သင်မနက်စာ စားပြီးသည်နှင့် သင့်အတွက် အလုပ်တွေ အများကြီးရှိပါသည်။
သင့်အိမ်မှာ မီးချောင်း၊ မီးလုံးတွေ သန့်ရှင်းရေးလုပ်လို့ရတယ်၊ လိုအပ်ရင် အသစ်လဲစရာရှိမယ်။
-ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တွေကို အိမ်မှာရှိတဲ့ မိန်းမသားတွေ လုပ်ဖို့အစဉ်မပြေတဲ့အပိုင်းတွေ၊ နောက်ဖုံးဖွင့် သန့်ရှင်းရေးလုပ်တာတို့၊ ပလပ်ခေါင်းလဲတာတို့ပေါ့။
-ဝရန်တာဆေးသုတ်ဖို့ လိုလား။
-အဲကွန်းတွေ သန့်ရှင်းရေးလုပ်ရမလား။
-ပန်ကာတွေ ပျက်နေရင် လည်အောင်ပြန်လုပ်ရမယ်၊
ကောင်းနေရင်လည်း ဖြုတ်မယ်၊ သန့်ရှင်းရေးလုပ်မယ်၊ ပြန်တပ်မယ်။
-မီးခလုတ်တွေ ကျွံနေတာ၊ ကျိုးနေတာတွေ ပြင်မယ်၊ မရရင် လဲမယ်။
-ကျိုးနေ ယိုင်နေတဲ့ ထိုင်ခုံစားပွဲတွေကို ခိုင်အောင်လုပ်မယ်။
ဒီလိုတွေပေါ့။
ထပ်မရေးတော့ပါဘူး။
ရေးမယ်ဆို ကုန်မည်မဟုတ်။
ပြောချင်တာ အလုပ်တွေ အများကြီးပါ။
လမ်းပျောက်ဖို့ တကယ်ကို အချိန်မရှိပါဘူး။
ဒါတွေက တထိုင်တည်း လုပ်လို့လည်းမရပါဘူး။
တစ်နေ့တစ်ခုကို သေချာလုပ်ရတာပါ။
ကျွန်တော်တို့ ဒီလိုတွေ လုပ်နေလို့ အကျိုးလုံးဝ မယုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အရည်အချင်းတွေ တတ်လာတာ ကိုယ်တိုင်ခံစားမိလာပါလိမ့်မယ်။
သင်တစ်နေ့တာ လုပ်ပြီးသမျှ အိပ်ယာဝင်တဲ့အချိန် တနေ့တာကို ပြန်တွေးတောကြည့်ပါ။ ငါဒီနေ့ ဘာတွေ အကျိုးရှိတာတွေ လုပ်ပြီး အချိန်ကို တန်ဖိုးရှိရှိအသုံးချလိုက်လဲဆိုတာ တွေးမိပြီး သင်ဟာအလွန်တန်ဖိုးရှိကြောင်း၊ နောက်နေ့တွေမှာ မိမိကိုယ်ကိုယ် ဗားရှင်းထပ်မြှင့်မယ့်အကြောင်းတွေ အတွေးထဲ အော်တိုပေါ်လာပါလိမ့်မယ်။
ဝင်ငွေမရှိလို့ စိတ်ညစ်နေရင်း လမ်းပျောက်နေမယ့်အစား အကျိုးရှိတာကို လုပ်နေပါ။
အလုပ်လုပ်ချင်တဲ့သူအတွက် အလုပ်(လုံးဝ) မရှားပါဘူး။
အိမ်မှာဆယ်ရက်လောက် အိမ်ကိစ္စလုပ်လိုက်လို့၊ တစ်လလောက်လုပ်လိုက်လို့ ကျွန်တော်တို့တွေ ဘဝမပျက်သွားပါဘူး။
စိတ်ညစ်နေလို့ ထိုင်နေရင် ပျောက်နေတဲ့ လမ်းကို တွေ့လိမ့်မယ်လို့ ထင်နေတုန်းလား။ မှားပါတယ်နော်။
မိမိကိုယ်ကိုယ် သွေးနေပါ။ ထက်လာပါလိမ့်မယ်။
အလုပ်တစ်ခုကို စိတ်နှစ်ပြီး လုပ်နေတဲ့အခါ ဘဝအတွက် တတ်လမ်းတစ်ခုကို မသိစိတ်က ပြလာပါလိမ့်မယ်။ ကိုယ့်မှာတိုင်ပင်လို့ရမယ့်သူရှိရင် တိုင်ပင်ပြီး ချက်ချင်းအစပျိုးလိုက်ပါ။
➡️အားရင် စာဖတ်ပါ။ မအားလည်း အားအောင်လုပ်ပြီး စာဖတ်ပါ။
➡️ဘဝအိမ်စာ မိနစ်(၃၀)လုပ်ပါ။
ကျွန်တော့် (page)မှာ ဘဝအိမ်စာအကြောင်း ရေးထားပါတယ်။
➡️အကျိုးရှိသည့် အလုပ်ဖြင့် မိမိအချိန်ကို အသုံးပြုနေပါ။
သင့်မှာ လမ်းပျောက်ဖို့ အချိန်တွေ ရှိနေသေးလား။
ကျွန်တော်နားမလည်ဘူး။
မိသားစုအတွက် အချိန်မပေးတော့ဘူးလား။
အိမ်မှာအလုပ်တွေ မရှိတော့ဘူးလား။
သင့်အိမ်က နန်းတော်ကြီးလိုလား။
အိမ်အကူတွေ အယောက်(၁၀၀)နဲ့ ဝန်းရံထားလို့လား။
သင်စာမဖတ်တော့ဘူးလား။
သင့်ဘဝအတွက် ဘာမှလေ့လာစရာမလိုတော့အောင် ပြည့်စုံနေပြီလား။
သင်မစားတော့ဘူးလား၊ မသောက်တော့ဘူးလား၊ မအိပ်တော့ဘူးလား။
သင့်ခန္ဓာကိုယ် သန့်ရှင်းရေး မလုပ်တော့ဘူးလား။
သင့်အဝတ်အစားတွေ လျှော်ဖွတ်မီးပူတိုက်စရာမရှိတော့ဘူးလား။
သင့်အိပ်ယာခင်းတွေကော ဒီတိုင်းသုံးနေတာ ဘယ်လောက်ကြာပြီလဲ၊ သန့်ရှင်းရေးမလုပ်တော့ဘူးလား။
(၂၄)နာရီကို အချိန်တွေ ပိုနေတုန်းလား။
ထိုင်နေရင်း၊ ပျင်းရိနေရင်း၊ အိပ်နေခွေနေရင်း လမ်းပျောက်နေတယ်လို့ တွေးနေတုန်းလား။
မိတ်ဆွေ အချိန်တွေကို မှန်ကန်စွာ အသုံးချပါ။
သင်(လုံးဝ)အားလပ်တော့မည် မဟုတ်ပါ။
သင်ဟာ တန်ဖိုးရှိတဲ့ လူသားဆိုတာ သင်ကိုယ်တိုင် မြင်လာပါလိမ့်မယ်။
လေးစားစွာဖြင့်•••••••••••
#မောင်ရှိန်း
16.05.2025
