တိတ်ဆိတ်ခြင်း
----------------------
အခုနောက်ပိုင်း ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် တိတ်ဆိတ်ခြင်းပညာကို အသုံးချပြီး ဖြေရှင်းဖြစ်လာတယ်။
စောင်းပြောခံနေရတဲ့ အရပ်ဒေသ၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းကအစ ပြဿနာကြီးကြီးမားမားတွေ ကြုံလာရတဲ့အထိ ဖြေရှင်းပြနေတာတွေ၊ ရှင်းပြနေတာတွေ၊ လုပ်မနေတော့ဘူး။
တိတ်ဆိတ်ခြင်းဟာ ပညာတစ်ခုဆိုတာကို သိလာရပြီးနောက်ပိုင်းမှာ မသိချင် ဟန်ဆောင်နေလိုက်တယ်။
စော်ကားပြောဆိုနေတာတွေကို လိုက်မခံစားနေတော့ဘူး။
သေချာတာတစ်ခုက လောကမှာ မည်သူတစ်ဦးတစ်ယောက်စီကမှ ဘယ်အရာကိုမှ မောင်ရှိန်း အလကားမယူဖူးတာပဲ။
ကိုယ်က ပေးလိုက်တာတွေပဲရှိတယ်။
ကိုယ်ပေးလိုက်တဲ့ အရာတွေနဲ့ အကျိုးအမြတ်ထိုင်စားနေပြီး ကိုယ်တွေကို ပြန်စော်ကားနေတာကို ပြုံးပြုံးလေးနဲ့ တိတ်ဆိတ်နေပေးဖို့ဆိုတာ သောက်ရမ်းပညာတတ်မှ လုပ်နိုင်တာကို လူတိုင်းသိရင် သိပ်ကောင်းမှာ။
ငါ့ကြောင့် သူတို့တွေ အကျိုးအမြတ်တွေရနေပြီး
သူတို့ကြောင့် ငါဆုံးရှုံးနေတာတွေအတွက်
ရပါတယ်ကွာဆိုတဲ့ စိတ်က တော်ရုံ skill နဲ့တော့ မရဘူး
စာအုပ်ရဲ့အစက သည်းခံခြင်း
အလယ်က တိတ်ဆိတ်ခြင်း
အဆုံးသတ်က ပျောက်ကွယ်ခြင်း
ဒီလိုစာအုပ်ကောင်း တစ်အုပ်ရဖို့
အချိန်တွေ၊ ချွေးတွေ၊ သွေးတွေ၊ ပညာတွေ၊ ချစ်ခြင်းမေတ္တာတွေ၊
သဘောထားကြီးမှုတွေ အများကြီးပေးဆပ်ရတယ်။
လေးစားစွာဖြင့်...........
#မောင်ရှိန်း
22.02.2026
