ကျေနပ်မိတယ်
----------------------
ကိုယ်တိုင်မပြည့်ပဲ ဖြည့်ပေးမိခဲ့တယ်။
လူတခြို့က ပိုက်ဆံလေး နှစ်ပဲခြောက်ပြားနဲ့ စိတ်ဓာတ်အမှန်တွေ ပေါ်လာကြတယ်။
ဘယ်ကိစ္စကိုမဆို စိတ်မဆိုးပါဘူး၊ စောစောသိလိုက်ရလို့ ကျေးဇူးတောင် တင်မိတယ်။
ဪ.......မိတ်ဆွေတုတွေ၊
လူထပ်ပိုပြီး ငွေကတန်ဖိုးရှိနေတယ် ထင်နေကြပါလားလို့
မိတ်ဆွေစစ်တွေကတော့ ရှင်းတယ်၊
ပျော်စရာ၊ ဝမ်းနည်းစရာ၊ တူတူရင်ဖွင့်ကြတယ်၊
ပြီးရင် တစ်ယောက်ကိုတစ်ယောက် အားပေးကြတယ်၊
သိပ်ပြီး ကြည်နူးဖို့ ကောင်းတယ်....
ဘာပဲပြောပြော နှစ်ကုန်ခါနီးလေး သိလိုက်၊ ကြုံလိုက်ရတာလေးတွေက လာမယ့်နှစ်ပေါင်းများစွာအတွက် ကောင်းသွားတာပေါ့လို့ တွေးမိတယ်.....
ကောင်းဖို့ဖြစ်လာတာတွေအတွက် ကျေနပ်မိတယ်။
Money is not everything,
but it can solve a lot of problems...
ဒီလောက်ပါပဲ😊
လေးစားစွာဖြင့်••••
#မောင်ရှိန်း
18.12.2025
www.shaneminphyo1994.blogspot.com
