သူစိမ်း
-----------
လူတစ်ယောက်ကို အထူးသဖြင့် သူစိမ်းတစ်ယောက်ကို ကျွန်တော်တို့ရဲ့ အချိန်၊ ပညာ၊ စစ်မှန်တဲ့စိတ်၊ ချစ်ခြင်းမေတ္တာ၊ စေတနာ၊ ပေးနိုင်သမျှအရာအားလုံးပေး၊ နောက်ဆုံး လိုအပ်လာရင် အသက်ပါ ပေးနိုင်တဲ့အထိ ပေးဆပ်ထားလည်း သူတို့ရဲ့ သွေးသားဝောာ်စပ်သူနဲ့ ယှဉ်လာရင် ကျွန်တော်တို့ရဲ့ ပေးဆပ်မှုတွေက အလကားဖြစ်ပြီး ကျွန်တော်တို့ကို သူစိမ်းလိုပဲ ဆက်ဆံလိုက်ကြတယ်။
သူတို့မမှားပါဘူး၊ အမှန်တကယ်လဲ သူစိမ်းတွေပါပဲ။
သူရယ် ငါရယ်ဆိုပြီး နှစ်ယောက်ထဲဆိုရင်ဝောာ့ သူတို့အပေါ်သိပ်ကောင်းပေးတာတွေကို သိကြပါတယ်၊
ဒါပေမယ့် သူ့သွေးသားပါဆိုတဲ့ တတိယလူ ပါလာရင်တော့ ကျွန်တော်တို့ပေးဆပ်ပါတယ်ဆိုတဲ့ အသက်ဆိုတဲ့ ရတနာဆိုတာတောင် သူ့အတွက် အမှိုက်တစ်စ သာသာပါပဲ။
မိတ်ဆွေ ဘဝမှာ မကြုံဖူးသေးရင် ကျွန်တော်နဲ့ သဘောထား ကွဲလွဲနေပါလိမ့်မယ်၊
အမှန်တကယ် ကြုံကြိုက်ဖူးသူအဖို့ကဝောာ့ ဒီစကားလုံးတွေက ငြင်းစရာမရှိပါဘူး။
သွေးသား သိပ်တန်ဖိုးရှိတယ်၊
သူတို့ကို စော်ကားနေလည်း၊
သူတို့ကို ဘုရင်တစ်ပါးလို ပင့်မြှောက်ထားတဲ့ သူကို စော်ကားနေလည်း၊
သူတို့အတွက် အရာရာကိုပေးဆပ်ထားပါတယ်ဆိုတဲ့သူကို စော်ကားနေလည်း၊
သူတို့ပိုင်ဆိုင်သမျှကို ဖျက်ဆီးနေလည်း၊
သွေးသားဆိုလျှင် အရာရာကို အကောင်းမြင်ကြပြီး
ကျွန်တော်တို့ သူစိမ်းတွေအတွက် နေရာမရှိပါဘူး။
ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်
"သင်ကောင်းကောင်း၊ မကောင်းကောင်း ကျွန်ုပ်ကောင်းမည်" ဆိုတဲ့ ဆုံးမစကားကို ဥပေက္ခာမပြုနိုင်တဲ့ သူတစ်ယောက်အတွက်တော့ သူစိမ်းဆိုလည်း သူစိမ်းပါပဲ၊ ရပါတယ်၊ ကျွန်ုပ်ကောင်းနေပါဦးမည်............
လေးစားစွာဖြင့်•••••••••••
#မောင်ရှိန်း
27.10.2025
www.shaneminphyo1994.blogspot.com
