သည်းခံခြင်းမှာ Limit ရှိတယ်


 သည်းခံခြင်းမှာ Limit ရှိတယ်

•••••••••••••••••••••••••••••••••••••

အရာရာမှာ Limit ဆိုတဲ့ သတ်မှတ်ချက်တစ်ခုစီ ရှိကြသည် မဟုတ်ပါသလား မိတ်ဆွေ။


Alcohol အရက်မှာလား......

ပင်ပန်းခံနိုင်မှုမှာလား.....

အသက်အောင့်ထားနိုင်မှုမှာလား.....

တွဲခိုထားရမှုမှာလား......

စောင့်ဆိုင်းနေရခြင်းမှာလား.....

အရာရာမှာပေါ့.....


ဒီလိုပါပဲ

သည်းခံသူရဲ့ သည်းခံခြင်းမှာလဲ Limit ရှိပါတယ်။ 

သူကတော့ အပေါ်က Limit တွေနဲ့ မတူဘူး။ 

အနည်းငယ် ပိုပြီး‌တော့ ပြင်းပါတယ်။


ဥပမာ Alcohol ဆိုရင် သူ့ရဲ့သတ်မှတ်ထားတဲ့ Limit ကိုကျော်သွားရင်၊ (သို့မဟုတ်) လူတစ်ယောက်က ခံနိုင်ရည်ကိုကျော်သွားရင် ခေါင်းမထောင်နိုင်ပဲ လဲကျသွားမယ်။ အချိန်တစ်ခု အိပ်ပျော်ပြီးရင် အကောင်း ပကတိအတိုင်း ပြန်ပြီးလန်းဆန်းသွားမယ်။ 

အဲ.....အဲ့လိုမျိုးပေါ့။


အခုသည်းခံခြင်းမှာဝောာ့ အဲ့လိုမဟုတ်တော့ဘူး။ 

လူတစ်ယောက်က တစ်ကြိမ်လား၊ ဆယ်ကြိမ်လား၊ အကြိမ်တစ်ရာလား၊ တစ်လလား၊ တစ်နှစ်လား၊ ဆယ်နှစ်လား သည်းခံပြီး သူ့ရဲ့ သည်းခံနိုင်တဲ့ Limit ကိုကျော်လွန်သွားပြီဆိုရင်••••••••

သိပ်ပြီးကြောက်ဖို့ ကောင်းသွားပါပြီ။


အချိန် ဘယ်လောက်ကြာအောင် သည်းခံခဲ့လဲ၊ အနိုင်ကျင့်မှု‌တွေ၊ စော်ကားခံရမှုတွေ၊ ဖိနှိပ်ခံရမှုတွေကို ဘယ်လောက်သည်းခံခဲ့ရလဲ အဲ့လောက်ပိုပြီး ကြောက်ဖို့ကောင်းသွားတယ်။


သူက အရက်လိုမျိုး ဘုတ်ခနဲ လဲသွားတာမျိုး မဟုတ်ပဲ အရင်ဆုံး တိတ်ဆိတ်သွားတာမျိုး၊ အချိန်တစ်ခု အိပ်ပျော်သွားလည်း မကောင်းတော့ဘူး။ 

သည်းခံခြင်းတွေကနေ အသွင်ပြောင်းသွားတာမျိုး‌ပေါ့။


ဘယ်လိုပုံစံ ပြောင်းသွားတာလဲ။

ဒီမေးခွန်းအတွက် အဖြေက အရမ်းရိုးရှင်းပါတယ်။ 

ဒါပေမယ့် ဖြေရခက်တယ်။


သေချာတာတစ်ခုက အရင်လို လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ သည်းခံနေမှာ မဟုတ်တော့ဘူး ဆိုတာပါပဲ။ ကုန်ကုန်ပြောရရင် တစ်စက္ကန့်လေးတောင် သည်းမခံနိုင်တော့တာမျိုးပေါ့။


မိတ်ဆွေဘဝမှာ အမှန်တကယ်ကြုံလာမယ့် အချိန်မှသာလျှင် မိတ်ဆွေပိုပြီး သိလာပါလိမ့်မယ်။


သည်းခံခဲ့ပြီးနောက်•••

ခွင့်လွှတ်လိုက်ပြီးနောက်•••

တိတ်ဆိတ်သွားပြီးနောက်•••

အတိုင်းတာကျော်လွန်သွားပြီးနောက်•••

ထပ်ထပ်ပြီး သည်းမခံနိုင်ဝောာ့တဲ့နောက်•••

Limit ကျော်သွားပြီးတဲ့နောက်မှာ‌တော့•••


အရာရာဟာ ပြောင်းလဲသွားပါလိမ့်မယ်•••••••


လေးစားစွာဖြင့်•••••

#မောင်ရှိန်း

17.09.2025

www.shaneminphyo1994.blogspot.com