ဒုက္ခတွေထက် ကိုယ်ကပိုပြီး ခွန်အားကြီးမားနေဖို့လိုတယ်


 "ဒုက္ခတွေထက် ကိုယ်ကပိုပြီး ခွန်အားကြီးမားနေဖို့လိုတယ်"တဲ့။ ဒီစာသားလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ သိပ်ပြီးပြည့်စုံပြီး မှန်လွန်း‌နေတယ်။


ဟုတ်တယ်။ ဒုက္ခကြီးကြီးမားမားဆိုတာကို ကိုယ့်ရဲ့ခံနိုင်တဲ့ ဝန်နဲ့ယှဉ်ပြီး လူတွေက သတ်မှတ်ကြတာ။


ဥပမာ 

မနက်စောစော မထနိုင်တဲ့သူတစ်ယောက်အတွက် မနက်စောစောထရခြင်းဟာ ဒုက္ခတစ်ခုဆိုပေမယ့်


အိပ်ယာက စောစောထနိုင်တဲ့ သူတစ်ယောက်အတွက်တော့ ဒါက ဒုက္ခမဟုတ်ပဲ သာမာန်ရိုးရှင်းတဲ့ အလုပ်တစ်ခုလိုပါပဲ။


ကိုယ်လုပ်နိုင်တဲ့ဝန် ကိုယ်ခံနိုင်တဲ့ဝန်နဲ့ ယှဉ်ပြီး ဘယ်အရာက ဒုက္ခလဲဆိုတာကို သတ်မှတ်ကြတာပေါ့။


ဒီတော့ ဘဝမှာ အချိုးအကွေ့ ဝောာ်တော်များများကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းရတာ များလာတဲ့သူတစ်ယောက်က ကိစ္စတစ်ခုခုကို ကြုံလိုက်ရတိုင်း ဒုက္ခလို့ မမြင်တော့ဘူး။ တစ်နည်းအားဖြင့် ရင့်ကျက်သွားတာပေါ့။


အပေါ်မှာပြောခဲ့သလိုပေါ့။ သူ့ဘဝမှာ ကြုံတွေ့ရခဲ့တဲ့ အခက်ခဲတွေနဲ့ပဲ သူကယှဉ်ပြီး အရာရာကို ရှေ့ဆက်နေမှာ။


ထမင်းကို မြေပဲကြော်နဲ့ လပေါင်းများစွာစားခဲ့ရတဲ့ သူတစ်ယောက်က ကန်စွန်းရွက်ကြော် မြင်လိုက် မြည်းလိုက် စားလိုက်ရရင်ဖြင့် သူ့အတွက်ကဝောာ့ ဒုက္ခလို့ ပြောရလောက်အောင် မပြောနဲ့။ ဒါကိုစည်းစိမ်လို့တောင် ထင်နေလိမ့်မယ်။


ဘာကြောင့်လဲ သူစားခဲ့ရတဲ့ လပေါင်းများစွာရဲ့ ဒုက္ခနဲ့ယှဉ်ပြီး လက်တွေ့ကို တိုင်းတာလိုက်တာကိုး။


ဒီလိုပါပဲ။ ကိစ္စရပ်တိုင်းမှာ ပေါ့ပါးအေးဆေးစွာ ဖြေရှင်းနိုင်ဖို့အတွက် "မိတ်ဆွေက ဒုက္ခတွေထက် ပိုပြီး ခွန်အားကြီးမားနေဖို့ လိုပါတယ်"


လေးစားစွာဖြင့်••••••••••

#မောင်ရှိန်း

9.10.2025

www.shaneminphyo1994.blogapot.com