သူတို့ကျန်နေခဲ့တယ်
••••••••••••••••••••••••••
Jurassic World (2025) ထဲက စကားပြောခန်း နှစ်ခုကို သဘောကျတာနဲ့ မရေးပဲ မနေနိုင်တော့ဘူး။
(1) ချမ်းသာတာကောင်းပေမယ့် အဲ့လောက်နဲ့ မလုံလောက်ဘူး။
အချိန်ရှိသေးတုန်းမှာ အရေးကြီးတဲ့ အရာတစ်ခုခုကို လုပ်လိုက်ပါ။
ဘယ်အရာကိုမှ မစောင့်နေပါနဲ့။
(2) တခြားလူတွေက ငါတို့မကောင်းကြောင်းကို ပြောလောက်ပေမယ့် သူတို့စကားအတိုင်း ငါတို့က လိုက်နာနေဖို့ မလိုဘူး။
မဟုတ်ရင် သူတို့စကားက အမှန်တရား ဖြစ်သွားလိမ့်မယ်။
နံပါတ် (1)ကိုတော့ အကျယ်တဝင့် မရေးတော့ဘူး။ လူသားတိုင်းက ကိုယ်ပိုင် အတွေးကိုယ်စီနဲ့ မှန်တယ်ထင်ရာ အကောင်းဆုံးတွေကို ရွေးလုပ်နေကြတာပဲလေ။
အဓိကရေးချင်တာက နံပါတ် (2)
ဘာလို့လဲဆိုတော့ ဆင်းရဲ ချမ်းသာ မရွေး လူတိုင်း ကြုံနေကြရတဲ့ ကိစ္စမလို့ပဲ။
အဲ့အမှန်တရားကြီးကို လူတိုင်းကြုံနေရတယ်။
ရှေ့ကလူက ကျွန်တော်တို့ကို အမျိုးမျိုး မကောင်းပြောကြတယ်။
ဒါကို လိုက်နာပေးလိုက်ရင် သူပြောနေတာ အမှန်တရားကြီး ဖြစ်သွားကော။
ဒီဝောာ့ သူပြောချင်ရာပြော။
ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေါ့ဗျာ။
အချိန်တန်တော့ ပြောတဲ့ပါးစပ်က သူ့ဟာသူ ပိတ်သွားလိမ့်မယ်။
ဒါကို နောက်တစ်နည်းပြောရရင် အလုပ်နဲ့သက်သေပြတယ်လို့ ပြောလို့ရတယ်။
လူတိုင်းက ဘာကိုဘယ်လိုလုပ်နေလဲဆိုတာ မမြင်နိုင်ကြဘူး။
ရလဒ်ကိုပဲကြည့်ကြတာ။
ဒါပေမယ့် အဲ့ရလဒ်မထွက်ခင်ထိကတော့ အမျိုးမျိုး ထင်ရာကိုပြောနေကြမှာပဲ။
သေချာတာ တစ်ခုက ကျွန်တော်တို့ အခက်အခဲတွေကို အကောင်းဆုံးကျော်ဖြတ်ပြီးလို့ ရလဒ်ကောင်း ထွက်လာချိန်မှာတော့
ပြောနေတဲ့သူတွေက မူလနေရာမှာပဲ တိုးတတ်မှုမရှိပဲ ရပ်တံ့နေတုန်းပဲ။
သူတို့ကျန်နေခဲ့တယ်ဆိုတာကို မသိပဲကို ကျန်နေခဲ့တာပေါ့ဗျာ။
လေးစားစွာဖြင့်••••••••
#မောင်ရှိန်း
04.10.2025
www.shaneminphyo1994.blogspot.com
