အသက်(၃၀) ကျော်လာပြီး နောက်ပိုင်း


 အသက်(၃၀) ကျော်လာပြီး နောက်ပိုင်း

•••••••••••••••••••••••••••••••••••••••••••••••

အခုနောက်ပိုင်း Feeling ကတစ်မျိုး ပြောင်းလာတယ်။


လူရွှင်ဝောာ်တွေကို ကြည့်မယ်ဆိုရင်လည်း

ခါးအောက်ပိုင်းမပါပဲ ပြောတဲ့ ပြက်လုံးတွေကိုပဲ သဘောကျလာတယ်။ 

ကမ္ဘာ‌ပေါ်မှာ ခါးအောက်ပိုင်း မပါပဲ မျက်ရည်ပါထွက်အောင် ပြက်လုံး ပြက်နေကြတဲ့၊ ဟာသပညာကို ဝက်ဝက်ကွဲ   အောင်မြင်နေကြတဲ့ လူရွှင်တော်တွေကို ရွေးပြီး အားပေးတတ်လာတယ်။


လွမ်းရမယ်၊ ဆွေးရမယ်ဆိုရင်လည်း 

ရုပ်ရှင်တစ်ကား၊ ဒါမှမဟုတ် စာအုပ်တစ်အုပ် ပြီးသွားတဲ့အချိန် စကားမပြောနိုင်လောက်အောင် ဆို့နစ်ကျန်ခဲ့တာကိုပဲ လွမ်းရတယ်လို့ ထင်တော့တယ်။

ဥပမာ- The Green Mile လို ဇာတ်လမ်းမျိုးပေါ့။ 

ချစ်သူ ရည်းစားနဲ့မှ လွမ်းရတယ်၊ ဆွေးရတယ်၊ ကြေကွဲရတယ် ထင်နေသေးရင် မှားပါတယ်နော်။

လောကမှာ ကိုယ်သံယောဇဉ်ရှိသွားတဲ့ အရာဝတ္ထု၊ တိရိစ္ဆာန်၊ လူသား ဘယ်အရာပေါ်မှာမဆိုပေါ့။


ရယ်ရတော့မယ်ဆိုရင်လည်း

အားရပါးရ ဘယ်ချိန်ပဲ ပြန်စဉ်းစားကြည့်ကြည့် ရယ်ရမယ့် ဟာသမျိုးကိုပဲ သဘောကျလာတယ်။


ဒေါသထွက်ပြီဆိုရင်လည်း

သည်းခံရင် အဆုံးစွန်ထိ သည်းခံ၊ နောက်ဆုံး ပြုံးပြပြီး ရှောင်လိုက်ပြီး၊

သည်းမခံနိုင်တော့ရင်တော့ ဆေးရုံနဲ့ ရဲစခန်းပဲ။


ပြောချင်တဲ့ သဘောက ဘာပဲလုပ်လုပ်

ထိရောက်ပြီး ကိုယ့်အတွက် ကောင်းပါတယ်ဆိုတဲ့ အရာတွေကိုပဲ ရွေးလုပ်ဖြစ်တော့တယ်။


အဓိက,က အပေါင်းအသင်းပဲ

ကိုယ့်အပေါ် ဘယ်သူက အပေါ်ယံလဲ❓

ဘယ်သူကတော့ လေးလေးနက်နက်လဲ❓ ဆိုတာကို

မြင်လာပြီး နောက်ပိုင်းပေါ့


အပေါ်ယံဆိုရင်တော့ ပေါ်တင်ပဲ၊ ဒဲ့ပဲ ရှောင်လိုက်တယ်၊ ဟန်မဆောင်နေတော့ဘူး


ဆယ်ကျော်သက်တုန်းကဆိုရင်တော့ ရယ်ပြ၊ ပြုံးပြ၊ နှုတ်ဆက်နေသေးတယ်၊ အားနာနေသေးတယ်၊ အခုနောက်ပိုင်း သိလိုက်ရတာက အားနာနေတာက ငါတစ်ယောက်ထဲပဲဆိုတာ၊ တဖက်လူကတော့ သူတို့အလှည့် အားမနာတတ်ကြဘူး။


ဘဝကပေးလိုက်တဲ့ သင်ခန်းစာတွေပေါ့ဗျာ။


ဒါကြောင့် အခုနောက်ပိုင်း ကိုယ်ချစ်ရတဲ့သူတွေအတွက်၊ ကိုယ့်ကို ချစ်တဲ့သူတွေအတွက်က လွဲပြီး ကျန်တဲ့သူတွေကို သူစိမ်းဆန်လိုက်တယ်။


သိသာလာတယ်၊ ဖားနဲ့ ငါး ကွဲကွဲပြားပြား မြင်လာရတယ်။


ဘဝရဲ့ သက်တန်းတစ်ဝက်လောက် ကုန်ဆုံးပြီးတဲ့ နောက်ပိုင်း တစ်ကိုယ်ကောင်းဆန်သူတွေဆီက ပညာအများကြီး ရလိုက်ပါကြောင်း။


လေးစားစွာဖြင့်••••••••

#မောင်ရှိန်း

09.09.2025


www.shaneminphyo1994.blogspot.com