ဘီယာ


 ဘီယာ

•••••••••

Attention Please 🔹🔹🔹

သူတော်ကောင်းများ မဖတ်ရ


ကျွန်တော်ဘီယာ မကြိုက်ဘူးပြောတော့ ကျွန်တော့်အကြောင်း သိတဲ့သူ‌တွေက ဘာမှမပြောကြပေမယ့်


မသိတဲ့သူက ကျွန်တော့်ကို ဟားတိုက်ကြတယ်


ဒါနဲ့ တစ်ရက် ပလာဇာက မိတ်ဆွေတစ်ယောက်က မေးတယ်၊ သူတို့က ဘာလို့ ရယ်တာလဲပေါ့


ရှင်းပြလိုက်ပါတယ်

ကျွန်တော်က ဘီယာကို လုံးဝ ကွင်းစ ကွင်းပိတ် မကြိုက်ပါဘူးလို့


ဒါပေမယ့် လူတခြို့ရှိတယ်

မျက်စိကလည်း ကျွန်တော့်ကို အကွက်စေ့ စောင့်ကြည့်နေတယ် ပြီးတော့


အမှားတစ်ခု၊ ပြောစရာတစ်ခု ရှိလာရင် ပါးစပ်ကလည်း ကျွန်တော့်ကို ချက်ချင်းဝေဖန် ပြောဆိုဖို့ စောင့်နေကြတဲ့ လူတခြို့ပေါ့။


သူတို့အရှေ့ကို ရောက်ရင်တော့ ဘီယာကို ကျွန်တော် ရေလိုကို သောက်ချတာလို့၊


စောင့်ကြည့်နေတဲ့သူ မြင်စေရပြီး


ပြောချင်နေတဲ့ သူတွေအတွက် ပြောစရာ လမ်း,စ ပေးလိုက်တာပေါ့လို့။


သူတို့ရှာနေတဲ့ ပြစ်ချက်တွေ့ရပြီး

သူတို့ပြောချင်တဲ့ ဝေဖန်ရေးစကားတွေ 

ပြောခွင့်ရသွားတော့လည်း 

သူတို့ကျေနပ်တာပေါ့ဗျာလို့ ရှင်းပြလိုက်တယ်။


တစ်ခါတည်း ကျွန်တော့်မိတ်ဆွေကို ရှင်းပြပေးလိုက်တာ တစ်ခုက


ကျွန်တော် ဈေးအကြီးဆုံးပါဆိုတဲ့ ဝီစကီကို သောက်နိုင်တဲ့နေ့မှ ဇိမ်ခံပြီး အေးဆေးသောက်မယ်လို့။


ဘာလို့လည်းဆိုတော့ ကျွန်တော်က ဘီယာမကြိုက်ပေမယ့် ဝီစကီကိုဝောာ့ ကြိုက်တယ်ဗျာ••••••


လေးစားစွာဖြင့်•••••••••

www.shaneminphyo1994.blogspot.com


#မောင်ရှိန်း

08.09.2025