အခန်းကျဉ်းလေး




 အခန်းကျဉ်းလေး

•••••••••••••••••••••••

သင်္ဘောပေါ်က ကျွန်တော့်အခန်း ကျဉ်းလေးထဲမှာ

👉မုန့်ဈေးတန်းလေးရှိတယ်

👉စာအုပ်စင်လေးလည်းရှိတယ်

👉နောက်ပြီး ပန်းခြံလေးလည်းရှိသလို

👉သန့်ရှင်းတဲ့ ဝတ်ပြုတဲ့ နေရာလေးလည်းရှိတယ်။


🔹ပျော်တယ် 🔹မပျော်ဘူး

🔹ပြည့်စုံတယ် 🔹မပြည့်စုံဘူး ဆိုတာ

ကျွန်တော်တို့ရဲ့ သတ်မှတ်ချက်ပဲ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆထားတယ်။


🔹ဘယ်လောက်ပျော်ရင် ပျော်တယ်ပြောတာလဲ❓

🔹ပိုင်ဆိုင်မှု ဘယ်လောက်ရှိရင် ပြည့်စုံတယ်ပြောတာလဲ❓


🔹ရှိတဲ့အရာကို ပြည့်စုံတယ်ထင်ရင် ပြည့်စုံတာပဲ၊ 

🔹ရှိတဲ့အရာကို ပျော်နေရင် မိတ်ဆွေဟာ ကမ္ဘာမှာ အပျော်ဆုံး လူသားပဲ မဟုတ်လား။


လေးစားစွာဖြင့်••••••••

www.shaneminphyo1994.blogspot.com


#မောင်ရှိန်း

07.09.2025