သူ့အမြင်၊ သူ့အတွေး
•••••••••••••••••••••••••••
ကျွန်တော်သင်္ဘောမတတ်ခင်အချိန်ကပေါ့
၂၀၂၀ ဝန်းကျင်လောက်ရှိမယ်၊
ကျွန်တော်က Chess ဆော့ရတာ ဝါသနာပါတယ်၊
ကျွမ်းကျင်အဆင့်ဝောာ့မဟုတ်ဘူး၊ ဆော့တတ်ရုံပဲ၊ ကျွန်တော့်ခံစားချက်တစ်ခုက ဆော့ရတဲ့ပြိုင်ဘက်အပေါ် မူတည်ပြီး ကစားခြင်းအရသာလည်း ပြောင်းလဲသွားတယ်၊ ကျွန်တော်နဲ့အတူဆော့နေကြသူတွေထဲမှာ ကျွန်တော့်ညီနဲ့ ဆော့ရတာ အကြိုက်ဆုံးပဲ၊ ကျွန်တော့်မှာညီနှစ်ယောက်ရှိတယ်၊ အကြီးတစ်ယောက်နဲ့ဆော့ရတာ အရသာရှိတယ်......။
တစ်ရက် ကျွန်တော်နဲ့ ကျွန်တော့်ညီ ဆော့နေတာပေါ့
ဆော့နေတဲ့အနားမှာ ကျွန်တော့်သမီးလေးနဲ့ ကျွန်တော့်ညီအငယ်ဆုံးရဲ့ သမီးလေးရှိတယ်၊ တူမလေးပေါ့ဗျာ၊ တူမလေးက သမီးထက်ငယ်တယ်၊ ဒါနဲ့ ............ကစားပွဲစပြီ...
အစပိုင်းတော့ သူတစ်ကွက် ကိုယ်တစ်ကွက်ပဲ၊
တဖြည်းဖြည်းပွဲကကောင်းလာပြီ၊
သူမှားရင်သူဇာတ်သိမ်းမယ်၊
ကျွန်တော်လည်း မှားလို့မရတဲ့အခြေနေ၊
ကိုယ့်အတွေးနဲ့ကိုယ်၊
ကစားပွဲထဲမှာ စီးမျောနေတုန်း•••••
တူမလေးက ဦးလေးနှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေတယ်၊ ဘယ်သူမှသတိမထားမိဘူး၊ သူကြည့်ရင်း ဆယ်မိနစ်လောက်ကြာလာတော့၊ သူရုတ်တရက်ထပြောတဲ့ စကားလေးက••••••••
"ဦးတို့နှစ်ယောက်က စိတ်ဆိုးနေကြတာလား၊
စကားလည်းမပြောကြဘူး၊ ကလေးကပျင်းနေပြီတဲ့"
ဟဟ
ဪ ကလေးအတွေးက ချစ်စရာလေးပါလား၊
သူအနေနဲ့ကြည့်ရင်လည်း ဟုတ်ပါတယ်လေ၊
တယောက်မျက်နှာတစ်ယောက်မကြည့်ပဲ၊
Chess ခုံကိုပဲကြည့်၊
စကားလည်းမပြောဘူး၊
တိတ်ဆိတ်နေတာဆိုတော့၊
ထိုကလေးအတွေးမှန်ပါသည်။
ဟုတ်သည်၊ ကလေးအမြင်အရ မှန်သည်။
ဒါပေမယ့် လူကြီးတွေလည်း မမှားပါ။
စာချစ်သူတို့အား လေးစားစွာဖြင့်........
#မောင်ရှိန်း
၁၆.၀၇.၂၀၂၅
