အင်တာဗျူး ဖြေသောအခါ


 ◼️အင်တာဗျူး ဖြေသောအခါ

*****************************


"နာမည်က သိန်းဖေနော်"


"ဟုတ်ပါတယ် ဆရာ"


"အသက်က (၃၆)၊ ပညာအရည်ချင်းက(၉)တန်း၊ အရင်အလုပ်က ကားဆေးမှုတ်"


"ဟုတ်ပါတယ်၊ ဒါနဲ့ အကုန်ဘယ်လိုသိနေတာလဲဗျာ"


"ဒီမှာ မင်းရဲ့ CV formကြီး ဖတ်ပြီး ပြောနေတာလေကွာ"


"ဪ၊ ဟုတ်သားပဲနော်၊ ဟဲဟဲ"


"ကျွမ်းကျွမ်းကျင်ကျင်ကော ရှိရဲ့လား"


"ရှိ၊ ရှိပါတယ်ဗျာ၊ ဒါနဲ့ ကျွန်တော် စကားပြောတာ အစဉ်ပြေရဲ့လား"


"အေ ပြေပါတယ်"


"အင်းးးးးးးးး၊ နောက်-တစ်-ခု.......က........၊

အလုပ်မရှိပဲ နားနေတာ ကြာပြီနော်"


"ကြာပါပြီ၊ အခုမှ ပြန်လျှောက်တာပါ၊ ဒါနဲ့ ကျွန်တော်စကားပြောတာ အစဉ်ပြေပါတယ်နော်"


"ဟေ့၊ ဘာတုန်းဟ၊ ဘာလို့ ခဏခဏမေးနေတာလဲ"


"ဒီလိုပါ၊ မိန်းမကမှာလိုက်လို့ပါ၊ စကားပြောရင် သတိထားတဲ့၊ မေးတာပဲဖြေတဲ့၊ လိုရင်းတိုရှင်းပဲပြောတဲ့၊ အပိုတစ်လုံးမှ မပြောနဲ့တဲ့၊ အာ့ကြောင့် အမှားပါ/ မပါ စစ်နေတာပါ"


"ဘာလို့လဲကွ"


"ဖြေရမှာလား ဆရာ"


"အေးလေ မင်းမိန်းမက ဘာလို့အဲ့လိုမှာတာလဲလို့ မေး‌နေတာလေ၊ ဖြေပေါ့ကွ"


"ဟုတ်ကဲ့ ဖြေဆိုရင် ဖြေပါ့မယ်၊ ကျွန်တော်စကားပြောရင် အမှန်ပြောတိုင်း၊ ပြသနာတတ်လို့ပါ ဆရာ"


"ဟိုက်၊ အဆန်းကြီးနော်၊ ရပါတယ်၊ စိတ်ကိုအရမ်း တင်းမထားနဲ့နော်၊ လွတ်လွတ်လပ်လပ်နေပါကွာ"


"ဟားးးးးး တစ်ကယ်လားးးးးးး"


"အမလေး လန့်တာကွာ၊ အဲ့လောက်အော်ရလားကွာ၊ မင်းမိန်းမ မှာတာတွေကို မေ့ထားလိုက်၊ လွတ်လွတ်လပ်လပ်စကားပြော ဟုတ်ပြီလား"


"ဟူးးးး အခုမှပဲ စိတ်ထဲပေါ့သွားတော့တယ်ဆရာရယ်၊ ဆရာက ရုပ်ဆိုးသလောက် စိတ်ထား‌ကတော့ ကောင်းတယ်နော်"


"ဘာကွ"


"အယ် ဟုတ်ပါဝူး၊ သဘောကောင်းတယ်လို့ပြောတာပါ"


"အေအေ၊ ဒါနဲ့ပထမအလုပ်ကနားပြီး ဘာလို့အကြာကြီး အလုပ်မရှိတာလဲပြောဦး၊ မကျွမ်းကျင်လို့ ဘယ်သူမှ အလုပ်မခန့်တာလား"


"ဟား လျှောက်မပြောပါနဲ့ဗျာ၊ ဆရာက မှုတ်တတ်လို့လား"


"ဟယျောင် ဘာပြောတာလဲကွ၊ ငါကလျှောက်ပြောရအောင် အားနေလို့လား၊ ဘာကိုမှုတ်ရမှာလဲ"


"အဲ့လိုပြောတာမဟုတ်ပါဘူးဗျာ၊ ကျွမ်းကျင်ပါတယ်လို့ပြောတာပါ၊ စိတ်မဆိုးပါနဲ့ဗျာ"


"အေး မင်းမှတ်ထား၊ မင်းအခု စကားပြောနေတာ ဒီအလုပ်ရဲ့ မန်နေဂျာဆိုတာ မမေ့နဲ့ကြားလား"


"အဲ့လောက်အကျယ်ကြီး အော်ပြောတော့ ကြားပါတယ်ဗျာ၊ ဆရာပဲ လွတ်လွပ်လပ်လပ်ပြောဆိုလို့၊ ပြောတာပါ"


"အေးကွာ ကျွမ်းတယ်ဆိုလည်းပြီးရောကွာ၊ နောက်တစ်ခုမေးမယ်"


"ဘယ်နှစ်ခုလောက်မေးဖို့ စဉ်းစားထားတာလဲဆရာ"


"မဖြေချင်ရင် ထွက်သွား…ရော့ဒီမှာ၊ မင်း CV Form"


"မလုပ်ပါနဲ့ဗျာ၊ မေးပါ မေးပါ၊ ဆရာအလုပ်ပျက်နေမှာဆိုးလို့ မေးကြည့်တာပါ၊ မေးပါဆရာ"


"အေး အာ့ဆို ပါးစပ်ပိတ်ထား၊ မေးမယ်၊ အရင်ဝပ်ရှော့မှာ ဆေးမှုတ်သက်တန်း ဘယ်လောက်ရှိလဲ"


"အန်၊ ဟယျောင်၊ မကြားဘူးလား၊ အရင်လုပ်သက် ဘယ်လောက်ရှိလဲလို့မေးနေတယ်လေ"


"ဟယျောင်းးးးးးးးး"


"ဗျာာာာာာ၊ ကြားပါတယ်၊ ကြားပါတယ်"


"ကြားရင်ဖြေလေကွာ"


"ဟာ ဆရာပဲ၊ ပါးစပ်ပိတ်ထားဆို"


"ဟူးးးးးးး ငါ့နှယ် မင်းနဲ့တော့ သေချင်တယ်ကွာ"


"မသေပါနဲ့ဦး ဆရာရယ်၊ ကျွန်တော်အလုပ်ရပြီးမှ သေပါနော်"


"ဟယျောင်၊ စကား‌အဖြစ်ပြောတာကွ၊ မင်းမိန်းမ မှာလိုက်တာတွေက မှန်တယ်သိလား"


"သိတယ်လေဆရာ၊ ဆရာပဲမသိတာ"


"‌ဪ အေ အေ ငါမှားတာ၊ အခုမင်း မလိုရင် မပြောနဲ့ကြားလား"


"ဟုတ်ကဲ့ပါ"


"ကဲ နောက်ဆုံးမေးခွန်းတစ်ခုက၊ အရင်အလုပ်ကနေ ဘာဖြစ်လို့ထွက်လိုက်တာလဲ၊ ပြော"


"ဗျာ……မဖြေပါရစေနဲ့ ဆရာရယ်"


"ဟ၊ မင်းအလုပ်လိုချင်ရင်ဖြေရမယ်လေကွာ"


"ဟုတ်ပါတယ်၊ အလုပ်လိုချင်လို့ပဲ၊ မဖြေပါရစေနဲ့ ပြောတာပါ၊ ဒါနဲ့မေးခွန်းကျော်လို့ရလား ဆရာ……ဟီး"


"မင်းက ဈေးလာစစ်နေတာလား၊ ဒါအင်တာဗျူးကွ၊ အင်တာဗျူး၊ ခုနက လုပ်သက်မေးတာလဲ၊ ခုထိ မဖြေသေးဘူး၊ လုပ်သက်အရင်ဖြေကွာ၊ တစ်ခုမှ မကျော်ပေးနိုင်ဘူး၊ အကုန်ဖြေရမယ်"


"ဟုတ်၊ လုပ်သက်က သုံး………သုံး……သုံး"


"ဘာ သုံးသုံး လုပ်နေတာလဲ ၊ သုံးလလား၊ သုံးနှစ်လား"


"ဟဲဟဲ သုံး ရက် ပါ ချရာ"


"ဟိုက်၊ ဘလိုလဲဟ၊ မင်းဟာကလဲ၊ ကဲ အခုပိုသိချင်သွားပြီ၊ ဘာလို့သုံးရက်နဲ့ အလုပ်ပြုတ်တာလဲ ဖြေကွာ"


"မဖြေ ပါရစေနဲ့ ဆရာရယ်၊ ကျွန်တော် မလိမ်တတ်လို့ပါဂျာ"


"ကဲ မဖြေရင်၊ အလုပ်မရဘူးကွာ၊ သွားတော့၊ နောက်တစ်ယောက်ဝင်လာခိုင်းလိုက်"


"ဖြေ…ဖြေ…ဖြေဆို ဖြေပါ့မယ်ဗျာ၊ အလုပ်တော့ ခန့်‌ပေးရမယ်နော်"


"အေး၊ ဖြေစရာရှိတာ ဖြေရင် ခန့်မယ်ကွာ"


"လူကြီး ဖြစ်ပြီး လွယ်လွယ် မပြောရဝူးနော်၊ ကတိနော်"


"မင်းကွာ သေတော့မယ်၊ ဖြေမှာလား၊ မဖြေဘူးလား၊ မဖြေရင် ထွက်သွားကွာ"


"ဟုတ်ကဲ့၊ ဖြေပါ့မယ်၊ ဖြေပါ့မယ်၊ အဟန့်၊ ဒီလိုပါ၊ အရင်အလုပ်ရှင်က ဆရာ့လိုပဲ၊ ရုပ်ကလဲဆိုး၊ အသံကလည်း ကျွဲလိုနဲ့၊ လူ‌တွေကို မညှာမတာ ရက်ရက်စက်စက်၊ ပြောဆို ရိုင်းဆိုင်း ယုတ်မာ"


"ဟေ့ကောင်းးးးးးးးးး ထွက်သွားစမ်းးးးးး"


"ဂျာာာာာာာ၊ ဖြေဆိုလို့ ဖြေတာလေဂျာ၊ ဖြေရင် အလုပ်ခန့်မယ်ချို"


"မခန့်ဘူးကွာ၊ မခန့်ဘူး၊ မင်း အခုချက်ချင်း ငါ့အခန်းထဲ ထွက်သွားလိုက်၊ မဟုတ်ရင် မင်းကိုငါ တစ်ခုခု လုပ်မိမယ်နော်"


"လူကြီးဖြစ်ပြီး ကတိမတည်ဘူးဂျာ"


"ဪ………၊ ကတိလား…… တည်တာပေါ့၊ ငါက ကတိကို သောက်ရမ်း တည်တဲ့ကောင်"


"ဟုတ်၊ ခန့်မယ်မလားဟင်"


"ခန့်မှာပေါ့ကွ၊ မှုတ်ချင်တယ်ပေါ့၊ ဟလား ဟယျောင်"


"ကား ကား မော်တော်ကားလေ"


"ဘာမော်တော်ကားလဲ၊ အရမ်းမှုတ်တဲ့အလုပ် လိုချင်တယ် မလား၊ ခန့်မယ်၊ မင်းကိုအလုပ်ခန့်မယ်၊ လာခဲ့ ဟယျောင်"


"လားဝူး၊ လာဝူး၊ ဘာမှမလုပ်ချင်တော့ဘူး၊ မိန်းမရေးးးးး၊ ကယ်ပါဦးးးးး"


"ဟယျောင် မပြေးနဲ့"


"ပြေးပြီဗျို့့့့့့့့့့"


စာချစ်သူမိတ်ဆွေအားလုံးကို အစဉ်လေးစားလျက်•••

#မောင်ရှိန်း (၁၃.၅.၂၀၂၄)