•••••အချဉ်ပေါင်း•••••
ကျွန်တော်တတိယနှစ်တုန်းကပေါ့
First Semester စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်လာပြီ
ကျူရှင်မတတ်ခင် သူငယ်ချင်းနှစ်ယောက်နဲ့
လဖ္ဘက်ရည်ဆိုင်ထိုင်နေရင်း သုံးယောက်သား
စာတစ်လုံးမှသာမရတာ ဟိုကြည့်၊ ဒီကြည့်နဲ့
စာရွက်တွေ လျှောက်လှန်နေကြတယ်.....
ကျွန်တော်လည်းစာတွေကို ကြည့်သာကြည့်၊ မသိတော့ တဝါးဝါးသန်းပြီး ပျင်းလာတယ်။
ဘော်ဒါရောင်းရင်းများလည်း ဘာမှမထူး
ဂိမ်းဆော့၊ ရုပ်ရှင်ရုံသွား၊ ထန်းရည်ဆိုင်ထိုင်လာခဲ့ကြတာ
ယခုဆို semester တစ်ခုပြီးမြောက်ချိန်သို့ ရောက်ရှိလာခဲ့ပြီပေါ့......
လူကပျင်းလာတော့ သံပုရာချဉ်ပေါင်း အခြောက်လုပ်ထားတဲ့ ငါးရာတန်မုန့်ထုတ်ကို ထုတ်စားမယ်ကြံရင်း.....
ဒီတိုင်းစားတော့ အိပ်ချင်ပြေမယ်မထင်
ကျွန်တော့်ရဲ့ စိတ်တိုင်းကျ မကြာခဏ စနောက်ကျီစယ်ခြင်းကို သတိထား၊ တိမ်းရှောင်နေရင်းက အကြိမ်ပေါင်းများစွာ ခံနေခဲ့ရသူ ဘော်ဒါနှစ်ယောက်ကို ဒီတိုင်းတော့မကျွေးသေးဘူး၊ ဆေးနည်းနည်းထိုးဦးမယ်လို့ ပညာရှိတစ်ယောက်ကဲ့သို့ လေးနက်စွာ တွေးတောကြံစရင်း😁၊ ဟ ဟုတ်ပြီ၊ ငါနဲ့တော့ တစ်ပွဲလောက် နွှဲကြဦးကွာဟု စိတ်ထဲက ရေရွတ်ရင်း.......
မုန့်အဖတ်လေးတွေကို အသေးအမှုန်လေး (၄/၅)ခုနဲ့ အဖတ် မကြီးတစ်ကြီးလေးတစ်ဖက်ကို ဘယ်ဘက်လက်ဖဝါးထဲထည့်။
အမှတ်တမဲ့ကြည့်လိုက်ပါက အချည်ပေါင်းအခြောက်လေးများသည် နားဖားချေးများကဲ့သို့ မူလလက်ဟောင်းပုံစံ ရှိနေသည်။
ပြီးဝောာ့ ညာလက်ညိုးနဲ့
"နားယားလိုက်တာကွာ" သူတို့ကြားအောင်ပြောပြီး နားထဲလိုက်နှိုက်နေလိုက်တယ်....
တစ်မိနစ်လောက် ပါးစပ်ကလည်းပြော၊ လက်ကလဲ နားထဲလက်နဲ့မွှေနေတော့ ကိုယ့်အပေါ် သူတို့အာရုံရလာတယ်။ ဒါနဲ့ ဟာကွာဆိုပြီး ဘယ်ဘက်လက်ဖဝါးထဲ ကြိုထည့်ထားတဲ့ မုန့်ကို ဖြန့်ပြပြီး "ဟာ သားကြီးတို့ဒီမှာကြည့်ကြဦးကွာ၊ နဖားချေးတွေ"
ဆိုတော့ ရှေ့က တကောင့်သား အမွှေခံညီနောင်နှစ်ဦးက ဘုမသိဘမသိ ဥပဒေအကြံပေး အရာရှိများကဲ့သို့ အမူအယာအပြည့်ဖြင့် "ရှိန်း.....မင်းကကွာ ဒီတိုင်းထားတာကြာတော့ ဖြစ်မှာပေါ့၊ တစ်ပတ်တစ်ခါတော့ သန့်ရှင်းရေးလုပ်ပေးမှပေါ့" ဆိုကြတယ်၊ ဒီလိုဆို ကျွန်တော်မောင်ရှိန်း ဆင်လိုက်သော ဂွင်ထဲသို့ ဆူးညှောင့်မရှိ ပြေပြစ်စွာ သူတို့နှစ်ယောက် ကျော့ကွင်းထောက်ချောက် မိသွားတယ်ဟု ဆိုရမည်....
သူတို့ပြောနေရင်း ကျွန်တော်က စကားဖြတ်ပြီး " ကဲ ကြာပါတယ်ကွာ ဆိုပြီး"
ပါးစပ်ကို ဟ လက်ဖဝါးထဲကမုန့်တွေကို ကိုယ့်ပါးစပ်ထဲကိုယ် ပစ်ထည့်ပြီးတော့ အရသာခံနေလိုက်တယ်"
အဖြစ်ပျက်ကိုကြည့်ပြီး နဖားချေးစားနေသည်ဟု ထင်ရမည်😅
ဟိုနှစ်ကောင်မှာ တစ်ကောင်က အူကြောင်ကြောင်နဲ့ ထိုင်ကြည့်၊ ကျန်တစ်ကောင်က စားပွဲအောက်က အမှိုက်ပုံးထဲ ခေါင်းစိုက်အန်ပါလေရော။
ကျွန်တော်လည်း အဲ့ခါကျမှ မုန့်ထုတ်ကို စားပွဲပေါ် ပစ်တင်ပြပြီး
"ဟယျောင်တွေ ငါ စနေတာ၊ ဒီမှာ မုန့်...မုန့်ပါကွာ" ဆိုမှ
"မင်းဆေးထိုးပြန်ပြီလားကွာ၊ မင်းတော်တော်အားနေတာလား၊ စာမရလို့ စိတ်ညစ်နေရကြားထဲဟု" ပြောရင်း
ကျွန်တော့်ကိုလည်း အဆဲပေါင်းစုံဖြင့် ဆဲကြ ကျွန်တော်လည်း ဘာသာပေါင်းစုံဖြင့် အဆဲခံရရင်း အတူတကွ အချဉ်ပေါင်းလဲစား၊ ရယ်လည်းရယ်ရင်းပေါ့••••••
#မောင်ရှိန်း
၁၂.၀၇.၂၀၂၅
