အသုံး ချတတ်ပါစေ
••••••••••••••••••••••••••••
2022 ခုနှစ် မေလ တုန်းက ကျွန်တော် စက်တစ်လုံး တီထွင်ခဲ့တယ်။
ဘာတွေသုံးလို့ရတဲ့ စက်လဲ ဆိုတော့••••••
✓Power Bank သုံးလို့ရမယ်။
✓USB နဲ့ မီးလုံးထွန်းလို့ ရမယ်။
✓အဲ့စက်မှာလည်း မီးတွေပါတယ်။
✓Bluetooth Speaker လည်း ပါသေးတယ်။
✓အားသွင်းလို့ လည်းရတယ်။
All in one tool box ပေါ့ဗျာ။
ဘာတွေနဲ့ လုပ်ထားတာလဲဆိုတော့
✓IPM စလောင်းစက်
✓ဖုန်း ဘထ္ထရီအဟောင်းတွေ
✓Tabletဘထ္ထရီ အဟောင်းတွေ
✓ဝါယာကြိုးတွေ
✓ဖုန်းအားသွင်းခေါင်းက USB တွေ
✓ဖုန်း အားသွင်းခေါင်းတွေ/ကြိုးတွေ နဲ့ပေါ့
ကျွန်ဝောာ် လုပ်လို့ အောင်မြင်သွားခဲ့တယ်။
https://www.facebook.com/share/v/162LGsEZb2/
Video ကြည့်လို့ရအောင် link ချပေးထားပါတယ်။
ကျွန်တော် အောင်မြင်ခဲ့ပေမယ့် Public ကို မချပြနိုင်ခဲ့ဘူး။ ဈေးကွက်ကို မထိုးဖောက်နိုင်ခဲ့ဘူး။ လုပ်ရကောင်းမှန်းလည်း မသိခဲ့ဘူး။
ကျွန်တော်အိမ်မှာပဲ သုံးခဲ့တယ်။
မီးပျက်သွားတဲ့အချိန် ကျွန်တော့်အိမ်က လင်းထိန်နေတယ်။
ဒီလောက်နဲ့ ကျွန်တော် ကျေနပ်နေခဲ့တယ်။ ပျော်နေခဲ့တယ်။
အခုမှ ကျွန်တော် သဘောပေါက်လာတယ်။
ငါသာ လူတိုင်းသုံးလို့ရအောင် အများကြီးထုတ်ပေးခဲ့ရင် အားလုံးအကျိုးရှိမှာပဲ ဆိုပြီး အတွေး ဝင်လာတယ်။
တကယ် ထုတ်တဲ့အခါဝောာ့ အပေါ်မှာ ရေးခဲ့တဲ့ ကုန်ကြမ်းတွေကိုဝောာ့ ဘယ်သုံးမလဲဗျာ။ ဈေးကွက်ထဲမှာ Safety ဖြစ်အောင် ထုတ်လုပ်မှာပေါ့နော်။
ဒါပေမယ့် အဓိက ပြောပြချင်တဲ့ အကြောင်းက လူပဲဖြစ်ဖြစ်၊ ပစ္စည်းပဲဖြစ်ဖြစ် နေရာမှန်မရောက်ရင် ဘယ်လောက်ပဲ အကျိုးရှိရှိ အသုံးမဝင်ဘူးဆိုတာ ကျွန်တော် နားလည်ခဲ့ရုံပဲ မဟုတ်ဘူး။ လက်တွေ့ ကိုယ်တွေ့ ကြုံလိုက်ရတယ်။
အခုတော့ ဒီလိုအစုံသုံးလို့ရတဲ့ ပစ္စည်းတွေ ဈေးကွက်မှာ အများကြီး ဝယ်လို့ ရနေပါပြီ။
Solar ဆိုလာ တောင် ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် တန်ဖိုးရှိတဲ့အရာကို တန်ဖိုးသိတဲ့နေရာမှာ တန်ဖိုးရှိအောင် သုံးတတ်ဖို့ အရေးကြီးတယ်ဆိုတာကို မျှဝေရေးသားလိုက်ပါတယ်။
လေးစားစွာဖြင့်••••••••
#မောင်ရှိန်း
01.09.2025


