အင်အားကြီးလာလျှင်
တာဝန်လည်း ပို၍ကြီးလာ၏
•••••••••••••••••••••••••••••••••••
တောင်တရုတ်ပင်လယ် ရာသီဥတုဆိုးချိန်
လှိုင်းအမြင့် ပေ (၂၀~၃၅)
မိုးသည်းထန် ရွာသွန်းပြီး လေကြမ်းနေသော
နေ့လေးတစ်နေ့၊ အချိန် (၀၂:၃၄) မိုးမလင်းတလင်းတွင်
ရေးလိုက်သော အကြောင်းအရာလေးတစ်ခု•••••••••••••
Spider Man ရုပ်ရှင်ထဲက ပထမဆုံးရုပ်ရှင်မှ ပီတာပါကာမင်းသားကို ကျောင်းလေ့လာရေးခရီးတစ်ခုတွင် ဓာတ်ပုံရိုက်နေရင်း ပင့်ကူကိုက်ခံလိုက်ရသည်။ ထို့နောက် ပင့်ကူတို့ တတ်အပ်သော ပညာရပ်များနှင့် စွမ်းအားများကို မင်းသားမှအသုံးချ၍ ရသွားသည်ကို စာချစ်သူ စာဖတ်မိတ်ဆွေအားလုံး သိကြပြီးဖြစ်သည်။
များစွာသော ရုပ်ရှင်များသည် ကျွန်တော်တို့ဘဝအတွက် အသုံးချရန် လိုအပ်သည့် Message တစ်ခုမှစ၍ မြောက်များစွာ ပေးခဲ့သည်။ ရုပ်ရှင်တစ်ခုကို ကြည့်ခြင်းအားဖြင့် ယူတတ်လျှင် ပညာက မဆုံးနိုင်ပါ။
ဥပမာ
⬛Adventure Infinity War ထဲက သားနို့စ်ပြောတဲ့
➡️အခက်ခဲဆုံးရွေးချယ်မှုတွေမှာ
အခိုင်မာဆုံး စိတ်ဓာတ်တွေလိုတယ်
⬛The Godfather (1972)
➡️ယောက်ျားတွေဆိုတာ မွေးကတည်းက
ကြီးမြတ်နေတာမဟုတ်ဘူး
ကြီးမြတ်လာအောင် ကျင့်ကြံယူရတာ
⬛Super 30
➡️ဘုရင့်သားတိုင်း ဘုရင်ဖြစ်မလာတော့ဘူး
ထီးနန်းနဲ့ ထိုက်တန်တဲ့သူသာ ရှင်ဘုရင် ဖြစ်လာလိမ့်မယ်
⬛Kunfu Panda
➡️တော်ရုံ ပြိုလဲသွားတတ်ဖို့အတွက်
မင်းမိဘတွေက ပြစုပျိုးထောင်ခဲ့တာ မဟုတ်ဘူး
⬛The Wolf of Wall Street (2013)
➡️ဆင်းရဲတဲ့ ဘဝမှာလည်း နေခဲ့ဖူးတယ်
ချမ်းသာတဲ့ ဘဝမှာလည်း နေခဲ့ဖူးတဲ့
ငါက အဲ့ သေ-က်ရမ်းချမ်းသာတဲ့ ဘဝကိုပဲ ရွေးချယ်မှာ
⬛Bollywood
➡️သမီးဆိုတာ အဖေရဲ့ ဝိညာဉ်ပဲ
ဖခင်တစ်ယောက်ရဲ့ စရိုက်ကို နားလည်ချင်ရင်
သူတို့သမီးလေး ဘယ်လောက် ပြုံးလဲဆိုတာ သတိထားကြည့်တဲ့
⬛မိုးဇက် Animation
➡️ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်နိုင်ဖို့အတွက်
စတေးမှုဆိုတဲ့ အရာတွေကိုလည်း မဖြစ်မနေ လုပ်ရလိမ့်မယ်
ကျွန်တော် ထပ်ရေးနေမည်ဆိုလျှင် ကုန်တော့မည် မဟုတ်။ ယခုပြောလိုသည့် အဓိကအကြောင်းလေးကတော့•••••••
ကျွန်တော်နှစ်သက်သော ဇာတ်လမ်းလည်းဖြစ်၊ ကျွန်တော့်ဘဝအတွက်လည်း အမြဲအမှတ်ရ၍ မိမိကိုယ်မိမိ ပြန်၍ပြောဖြစ်နေသော စကားလေးလက်ဆောင်ပေးခဲ့သော Spider Man ရုပ်ရှင်ထဲမှ စကားလေးတစ်ခွန်းအကြောင်း အနည်းငယ်ရေးရန် အကြောင်းဖန်လာသည်။
ပီတာ၏ဦးလေး မသေခင်ပြောခဲ့သော စကားလေးတစ်ခွန်း•••••••••
"with great power comes
great responsibility"
အင်အားကြီးလာလေလေ
တာဝန်ကြီးလာလေလေပဲ
ပီတာပါကာသည် ကျောင်းတွင် အမြဲလိုလို အနိုင်ကျင့်ခံခဲ့ရ၊ ချစ်ရသူတစ်ဦးထဲကိုပင် အကြိမ်ကြိမ် ဆုံးရှုံးခဲ့ရ၊ အလုပ်ထဲတွင်လည်း အကြိမ်ကြိမ် ပယ်ချခံခဲ့ရ၊ မည်သူတစ်ဦးတစ်ယောက်၏ အလေးထားမှုကိုပင် မခံခဲ့ရသည့်ပုံစံ ဖြစ်သည်။ သို့သော် သူ၏အင်အားတစ်ခု၊ စွမ်းအားတစ်ခုသည် နေ့စဉ်ကြီးမားလာသည်နှင့်အမျှ သူ၏တာဝန်များသည်လည်း ပို၍ကြီးမားလာ၏။
ကျွန်တော်ပြောချင်သော အကြောင်းအရာမှာ ရုပ်ရှင်ဇာတ်လမ်းထက် ရုပ်ရှင်ထဲမှ အမှန်တရားများကို မျှဝေလိုသော ဆန္ဒသာဖြစ်သည်။
ထိုအမှန်တရားများကို သဘောကျမိသည်။ အမှန်တကယ်လည်း ဟုတ်သည်။ လွန်ခဲ့တဲ့ (၁၁)နှစ်အရင်က ကျွန်တော့အသက် (၁၉)နှစ်၊ တစ်လလျှင် ကျွန်တော့်ဝင်ငွေ ကိုးသောင်းရှိသည့် အချိန်က ကိုးသောင်းလောက်သာ တာဝန်ရှိသည်။ ဝင်ငွေ (၁၅၀၀၀၀)၊ နောက်(၃)သိန်း၊ နောက်(၁၅)သိန်း၊ သိန်း(၃၀)၊ သိန်း(၅၀)၊ သိန်း(၁၂၀) ဖြစ်လာသည်နှင့်အမျှ ပို၍ တာဝန်ယူလာရသည်။ ပြဿနာများကို ပို၍စနစ်တကျ ဖြေရှင်း ကိုင်တွယ်လာရသည်။ တွေးဝောာချင့်ချိန်လာရသည်။
ကျွန်တော်၏ ကျေးဇူးရှင်ဖခင် ပြောခဲ့သော စကားလေးတစ်ခွန်း
"သားဘာပဲလုပ်လုပ်၊ ဝေဖန်နေတဲ့သူတွေအတွက်နဲ့၊ လိုက်ပြီးခံစားမနေနဲ့၊
သူတို့မလုပ်နိုင်တဲ့အရာတွေကို သားကလုပ်နေတဲ့အတွက်၊ သူတို့မရနိုင်တဲ့ အောင်မြင်မှုမျိုးကို ငါ့သားတစ်နေ့ရကို ရလိမ့်မယ်" တဲ့။
သိပ်မှန်တယ်အဖေ၊ ယုံကြည်ပေးခဲ့အတွက် ကျေးဇူးပါအဖေ•••••
ကျွန်တော်သည် မိသားစု၊ အသိုင်းအဝိုင်းနှင့် မိတ်ဆွေများကြားထဲတွင် အလတ်ကောင် သင်းကွဲကျားဖြစ်သည်။ ပြဿနာမရှိ၊ ပြောချင်သော အကြောင်းအရာသို့ ပြန်သွားလို၏။
ကျွန်တော့်ခံယူချက်က ရိုးရှင်းသည်။
လူချမ်းသာရမည်၊ စိတ်ချမ်းသာရမည်၊ ကိုယ်ကျန်းမာရမည်၊ ချစ်ရသူတွေကော၊ မချစ်ရသော သူတွေကိုပါ ကူညီနိုင်ရမည်၊ ဖြည့်ပေးနိုင်ရမည်။ ကူညီပေးနိုင်ရမည်၊ ကူညီပေးလိုက်ရလျှင် ပျော်နေသည်။
လောကတွင် အကူအညီ ယူရသူထက်
အကူညီပေးရသူသာ ဖြစ်လို၏။
ဖြစ်အောင်လည်း ကြိုးစားခဲ့သည်။
ဖြစ်လည်း ဖြစ်ခဲ့သည်။
ဖြစ်လည်း ဖြစ်နေသည်။
နောင်လည်းဖြစ်လာဦးမည်ဟု ခိုင်မာစွာ ယုံကြည်သည်။
ဒီလို စိတ်ဓာတ်တွေ ခံယူချက်တွေက ဘယ်ကရလာသလဲဟု မေးခွန်းရှိသည်။
အပေါ်မှာပြောခဲ့သလိုပါပဲ
ရုပ်ရှင်တွေ၊ စာအုပ်တွေ၊
ပညာရှိတို့၏ အနီးနားမှရရှိလာသော ရွှေစကားလုံးတို့မှ၊ ရရှိလာခြင်းဖြစ်သည်ဟု ဆိုရမည်။
လေးစားရပါသော စာချစ်သူ စာဖတ်မိတ်ဆွေများခင်ဗျာ•••••••
"အင်အားကြီးလာလျှင်
တာဝန်ပိုကြီးလာ၏•••••"
စာဖတ်ပါ၊ ရုပ်ရှင်ကြည့်ပါ၊ ရုပ်ရှင်ကြည့်လျှင် ကိုယ့်အတွက် တစ်ခုမဟုတ် တစ်ခုရအောင်ယူပါ၊ ရုပ်ရှင်တိုင်း၊ စာအုပ်တိုင်းတွင် ကျွန်တော်တို့အတွက် အဖိုးတန် မက်ဆေ့ခ်ျများ ချန်ထားခဲ့၏။ ကျွန်တော်တို့ စိတ်ဓာတ်တွေကို သန်မာလာစေသည်၊ အနာဂတ်လမ်းများကို ရေးရေးလေး မြင်လာရသည်။ ဝေဝါးနေသောအနာဂတ်ကို စာအုပ်မှရလာလျှင်၊ ရုပ်ရှင်မှ ရလာလျှင် သင်ကိုယ်တိုင်ကြိုးစား ရယူနိုင်ပါလျှင် မုချဧကန် အောင်မြင်လာမည်ဖြစ်သည်။ သို့သော် သင်ကိုယ်တိုင် မကြိုးစားလျှင် ထင်ထင်ရှားရှားမြင်ရမည်မဟုတ်၊ ဝေဝါးရင်း ပျောက်ကွယ်သွားမည်ဖြစ်သည်။
ကျွန်တော်ရေးခဲ့သော စာတိုလေးမှ မိတ်ဆွေတို့ တစ်ခုခုရလိုက်ပါလျှင် ကျွန်တော်အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါမည်။
စာချစ်သူ မိတ်ဆွေများ အားလုံးကို အစဉ်လေးစားလျက်••••••
#မောင်ရှိန်း
01.08.2025
