အထင်နဲ့ အမြင်


 အထင်နဲ့အမြင်

••••••••••••••••••••••••••••••••••••••

ကြာချိန် (၂-မိနစ်)


တစ်ရက် ဗိုက်အောင့်တာနဲ့

ရပ်ကွက်ထဲက ဆေးခန်းသွားပြဖြစ်တယ်

အဆိုးကြီး မဟုတ်ပေမယ့် စူးစူးပြီး အောင့်နေတာနဲ့ 

သွားလိုက်တယ်ပဲ ဆိုရမယ်။


ဆေးခန်းရောက်တော့ လူနာတွေ တိုကင်နဲ့ ထိုင်စောင့်နေကြတယ်

ကျွန်တော်လည်း ကောင်တာက စာရေးမလေး စီသွားပြီး

နာမည်ပေးတာပေါ့ စာရင်းမလေးက 

"အကိုခဏစောင့်နော်၊ ညီမအကို့နာမည်ခေါ်ရင် 

စာအုပ်လာလုပ်လို့ရပြီ" တဲ့

"ဟုတ်ကဲ့" ဆိုပြီး လာထိုင်ရင်း......


ဟိုကြည့်ဒီကြည့်နဲ့ လူကလည်း ပျင်းလာတယ်

ဖြစ်ချင်တော့ မျပ်စိရှေ့တည့်တည့် 

ကောင်တာနဲ့ကပ်ရပ်မှာ ထိုင်နေတဲ့ ချာတိတ်လေး 

အသက်ကရှိမှ ၁၀/၁၁ နှစ်ပေါ့.....


ဘေးက ချာတိတ်လေးအဖွားလို့ ထင်ရသူ

အမျိုးသမီးကြီး တစ်ဦးလည်းပါတယ်......


ကောင်လေးနဲ့ ကျွန်တော် သုံးကြိမ်လောက် မျက်လုံးချင်း ဆုံမိတာနဲ့

လူကလည်းပျင်း စ,ချင်စိတ်ကလည်း ပြင်းပြလာပြီး.....


ကောင်လေးကို လက်ညိုးလေးထောင်ပြပြီး

ပြုံးပြလိုက်ဝောာ့ ချာတိတ်က အံမယ် ပြန်ပြုံးပြတယ်ဗျ

ဒါနဲ့ အကြံကအောင်ပြီလေ


နောက်တစ်ဆင့်ထပ်တတ်မယ်ပေါ့

အဲ့ဒါနဲ့ လက်ညိုးလေးကို နှာခေါင်းထဲထည့်ပြတယ်

ချာတိတ်က သေချာကြည့်နေတယ်

ပြီးဝောာ့ လက်ညိုးကို နှာခေါင်းထဲ 

ဘယ်လှည့်/ညာလှည့် ဖွဖွလေး လုပ်ပြီး လက်ကိုပြန်ပြတယ်


သူက ထူးဆန်းသလို ရွံသလိုကြည့်နေတာပေါ့

ရုတ်တရက် ကျွန်တော်က လက်ညိုးကိုမဟုတ်ပဲ လက်ခလယ်ကို ပါးစပ်ထဲကောက်ထည့်ပြီး သေချာစုတ်ပြတော့


ငတိက အန်တော့မယ့်ရုပ်နဲ့ သူ့အဖွားကို 

တိုးတိုးလေး ဘာပြောမှန်းမသိ ပြောနေတာနဲ့

ကျွန်တော်လည်း ဟိုကြည့်ဒီကြည့်လုပ်ပြီး 

မသိချင်ယောင်ဆောင် (မသိချင် ဟန်ဆောင်) နေလိုက်တယ်😁


ဒါနဲ့ စာရင်းမလေးကလည်း 

"ကိုရှိန်းရှိလား"

"ဟုတ်ကဲ့ ကျွန်ဝောာ်ပါ" လို့ပြောပြီး ကောင်တာနား ထသွားတော့ 

"အကိုစာအုပ်လုပ်လို့ရပြီနော်၊ ဒါနဲ့ဘာရောဂါပြဖို့လဲ" ဆိုဝောာ့

ကျွန်တော်က "ဗိုက်အောင့်နေလို့ပါ" ပေါ့


အဲ့အချိန် မထင်မှတ်ပဲ ခုနက ငတိအဖွားက

အသံကျယ်ကျယ်နဲ့ ဒေါနဲ့မောနဲ့

"ဗိုက်ကအောင့်မှာပေါ့၊ နင်ကနှပ်ချေးတွေ နှိုက်စားနေတာကိုး" တဲ့

😅😅


ငိုက်နေတဲ့ လူနာ‌အ‌ဖော်တွေကော၊ နာနေတဲ့လူနာတွေကောက ထရယ်ကြတော့ စာရေးမလေးလည်း တချက်ကြောင်ပြီး "တိတ်တိတ်နေပေးကြပါ" သာပြောတာ သူလည်းပြုံးစိပြုံးစိနဲ့


ကျွန်တော်လည်း အဖွားကို 

"စိတ်မဆိုးပါနဲ့အဖွားရယ်၊ ကျတော်က ကောင်လေးကို ချစ်လို့ စ ချင်လာတာနဲ့ လက်ညိုးနဲ့ နှာခေါင်း နှိုက်ပြပြီး လက်ခလယ်ကို ပါးစပ်ထဲ ကောက်ထည့် စုတ်ပြလိုက်တာ‌ပါ" ပြောရင်း 

ရှင်းပြတော့မှ


ဘွားတော်က တော်တော်အားနာပြီး

" အေ၊ အေ သားရယ်၊ အဖွားကလည်း၊ မြေးလေးက ရှေ့ကအကိုကြီး သားသားကို နှပ်ချေးလာစားပြနေတယ် ပြောတာနဲ့" ဘလာဘလာပေါ့


အဲ့ချိန်မှ အားလုံးရယ်ရင်း ပြုံးစိပြုံးစိနဲ့ ကျွန်တော့်ကို ကြည့်နေကြတာ၊ ပျော်လည်းပျော်ရပါတယ်••••


#မောင်ရှိန်း

၁၄.၀၇.၂၀၂၅